ကျွန်တော်အခု Computer Partition ခွဲတဲ့နည်းကိုရေးချင်ပါတယ်။ Partition လုပ်တယ်ဆို
တာကအိမ်တစ်အိမ်ထဲမှာ အခန်းပေါင်းများစွာလုပ်ထားသလိုပါပဲ။ ဒီ Partition လုပ်တတ်
ပြီးရင်တော့ Computer ထဲမှာ ဥပမာ Windows 7 သုံးထားရင်နောက်ထပ် Windows 8
နှစ်မျိုးစလုံးသုံးလိုရတဲ့ နည်းလေးသင်ပေးချင်ပါတယ်။ Windows 8,7 မကလို့ Ubuntu တို့
တောင်သုံးလိုရပါတယ်။ ကဲအရင်ဆုံး Partition ခွဲတဲ့နည်းကိုလုပ်ရအောင်။ အရင်ဆုံး
My Computer မှာ Right Click လုပ်လိုက်ပါ။ ပြီးရင်တော့ Manage ကို Click လိုက်ပါ။
နောက်ပြီးရင်တော့ အောက်ကပုံလိုမြင်ပါလိမ့်မည်။
နောက်ပြီးတော့ Disk Management ကို Click လိုက်ပါ။
နောက်ပြီးတော့အပြာရောင်လေးကို တွေ့မယ်လို့ထင်ပါတယ်။ အဲဒီ အပြာရောင်
လေးမှာ Right Click လုပ်ပါ။ နောက်ပြီးတော့ Shrink Volume ကို Click
ပေးလိုက်ပါ။
နောက်ပြီးတော့အောက်ကပုံလေးလိုမြင်ပါလိမ့်မည်။ 8042 လိုပြထားတဲ့နေရာမှာ
ကိုယ်ကြိုက်လောက် ဂဏန်းထည့်လိုရပါတယ်။ ဥပမာ- ၂၁၀၀၀ ဆိုရင်တော့ 20 GB
လောက်ရှိမယ်။ ၁၀၀၀ ဆိုရင်တော့ 1 GB လောက်ရှိမယ်။ကိုယ်လိုချင်သလောက် GB လောက်
Partition လုပ်ချင်တဲ့အပေါ်မူတည်တယ်။
နောက်ပြီးတော့ အကုန်လုံး Next ပေးလိုက်ပါပြီးရင်တော့ ဒီနေရာလေးရောက်ရင်တော့
New Volume နေရာမှာ ကိုယ်လိုချင်တဲ့နာမည်ကိုရေးလိုက်။ ပြီးတော့ Next ၊ နောက်ပြီးတော့
Finish ၊ကျွန်တော်ပြောတဲ့အတိုင်းလုပ်ကြည့်ရင်တော့ Partition လုပ်တာအောင်မြင်သွားပြီ။
My Computer မှာကြည့်ပါ ။ကိုယ် Partition လုပ်ထားတဲ့ ကိုယ်ပေးထားတဲ့နာမည်
လေးနဲ့တွေ့ပါလိမ့်မည်။
CREDIT TO : အောင်အောင်(မကစ)

No comments:
Post a Comment