Tuesday 9 October 2012

သင့်..p.c ကို..စွမ်းအားအပြည့်...သုံးနိုင်ဖို့..။

ကျွန်တော်တို့...p.c သုံးကြတာ..ကိုယ့် p.c က..ဘယ်လောက်ထိအလုပ်လုပ်နိုင်လဲ..ဆိုတာ..ကျွမ်းကျင်တဲ့
သူတွေလောက်ပဲ..သိကြမှာပါ..။ကဲ...ဒီလိုလေးတွေ..လုပ်ကြည့်ပါလား..။အောက်မှာ..ပုံလေးတွေပြထားပါတယ်။
မခက်ပါဘူး.။

start>run>msconfig>..အဲလိုလေး၇ိုက်လိုက်ပြီး.၇ှာ၇င်..အောက်မှာပြထားတဲ့..box လေးကျလာပါလိမ့်မယ်။


boot ဆိုတာလေးကို..ေ၇ွးလိုက်ပါ..။






number of process အောက်က..2 ဆိုတာလေး..ဘေးက..မြှားလေးကို.နိပ်လိုက်ပါ..။အဲဒီပေါ်လာတဲ့..
အထဲက..အများဆုံးကို..ေ၇ွးပေးလိုက်ပါ..။အဲဒါ..သင့်..p.c ၇ဲ့.စွမ်းဆောင်နိုင်စွမ်းပါ..ပဲ..နဂိုထက်ပိုမြန်လာပါ
လိမ့်မယ်..။ပြီး၇င်...ok....ok..နှိပ်ပြီး..ထွက်လိုက်ပါ..။၇ပါပြီ..။

အဆင်ပြေကြပါစေ...ဗျာ..။....ခင်မင်လျှက်။
Print Friendly and PDF

HTC Home is a free set of widgets for Windows like on HTC Smartphones

ခေါင်းစဉ်လေး..မြင်ယုံနဲ့တင်သဘောပေါက်ကြမှာပါ။


ကျွန်တော့်..p.c လေးမှာတောင်..တင်ထားပါတယ်..။ဖ၇ီး..ဒေါင်းလုပ်..ပေးထားပါတယ်..။
ဒီမှာ.သွားဒေါင်းလိုက်ပါခင်ဗျာ..။လင့်က..အောက်မှာပါ..။
အဆင်ပြေပါစေ...ခင်မင်လျှက်..။

http://www.htchome.org/en/ Print Friendly and PDF

Sunday 7 October 2012

Facebook News Feed မှာ အရည်မရ အဖတ်မရ ပို့စ်တွေ ကြောင့် မညစ်ရမဲ့ နည်းလေးပါ

Facebook News Feed မှာ မမြင်လိုသော ပို့စ်များအား ဖယ်ရှားခြင်း။


 Facebook မှာ up to date သတင်းတွေ၊ ဓာတ်ပုံတွေ ကြည့်ရဖတ်ရတာ ကြိုက်နှစ်သက်ပေမဲ့ အရည်မရ အဖတ်မရတွေကိုလည်း မမြင်ချင်ဘဲ မြင်နေရတဲ့ အခါမျိုးလည်း ရှိနေတတ်ပါတယ်။ အဲဒီလို အရည်မရ အဖတ်မရ ပို့စ်တွေတင်တတ်တဲ့ ကျေးဇူးရှင်လေးတွေကို အားနာလို့ သူငယ်ချင်းအဖြစ်ကနေလဲ Unfriend/Block မလုပ်ချင်ဘူးဆိုရင် ဒီနည်းလေးအတိုင်း လုပ်သာထားလိုက်တော့။

ဒီပုံမှာ ပြထားတဲ့အတိုင်း News Feed မှာ ကိုယ်မမြင်ချင်တဲ့ သူရဲ့ page ကိုသွားပြီး Friends button ကိုနှိပ် Shows in News Feed ကို uncheck လုပ်ပေးလိုက်။ ဒါဆိုရင် အဲဒီကျေးဇူးရှင်ရဲ့ အရည်မရ အဖတ်မရ ပို့စ်တွေ သင်ရဲ့ News Feed မှာ တွေ့ရတော့မှာ မဟုတ်ဘူး။ အာရုံနောက်ခြင်း ကင်းဝေးကြပါစေ။
Print Friendly and PDF

Thursday 4 October 2012

ကွန်ပြူတာကို စကားပြောခိုင်းပီး ကောင်မလေး ဆီက အချစ်ကိုရအောင် ယူမယ်

ဒီနည်းပညာကိုတော့ကို(နေစေး)ဆီကပါ.ရွှေမြန်မာတွေ(IT)နည်းပညာတွေတိုးပွားမြင့်မာ;ဖို့အတွက်ကျနော်
ပြန်မျှဝေးဖို့ .... ခွင့်တောင်းပါတယ်ကိုနေစေးရေး...။.
ကဲစလိုက်ရအောင်...........
ဘယ်လိုပေးပြောမလဲ?
ဒီအောက်က အတိုင်းလုပ်ကြည့်ပါ..
Notepad ကိုဖွင့်ပါ.ပြီးရင် ဒီအောက်က code ကို copy ယူပြီး notepad မှာpaste ထည့်လိုက်ပါ..
Do
Dim msg, sapi
msg="1437 = I Love You"
Set sapi=CreateObject("sapi.spvoice")
sapi.Speak msg
loop
ပြီးရင် Talker.vbs လိုနာမည်ပေးပြီး Save လိုက်ပါ..
နောက် ကိုယ် save ထားတဲ့Talker.vbs ကို ဖွင့်လိုက်ပါ..
1437 = I Love You ဆိုပြီး ထပ်ခါထပ်ခါပြောလာပါလိမ့်မယ်..
1437 = I Love You ဆိုတဲ့ပြထားတဲ့စာသားကိုကိုယ်ကြိုက်တဲ့ စာသားနဲ့ပြောင်းလို.ရပါတယ်..
ဥပမာ I Love You Chit Lay , I love You Ma ma < i Hate Youတခုခုပေါ့ဗျာ
စကားပြောတာကိုရပ်ချင်ရင် CTRL + ALT + DEL >>ကိုနိုပ်ပြီး task manager ကိုဖွင့်လိုက်ပါ.
.နောက် Processes TAB ထဲကိုဝင်ပြီး wbscript.exe ကိုရှာပါ ..
တွေ့ပြီဆိုရင် သူ့ကို Select ပြီး End Process ကိုနိုပ်လိုက်ရုံပါပဲ..အဲဒါပါပဲခင်ဗျာ.. :) ။
ဒီပို့စ်လေးက သူငယ်ချင်းတယောက်က Forward မေးလ်က ပို့လိုက်တာပါ
ကဲ Trick လေးနဲ့ ဘယ်လို ယူမလဲပြောပြမယ်နော်
ကောင်မလေးကို Gtalk ကနေ နင့် ကို ထူးဆန်းတာလေး ပြမယ်ဆိုပီးကုတ်တွေ ကူးခိုင်းပြီးရင် save ခိုင်း
အဲဒီ အထိ အဲဒီမှာ ကွန်ပြူတာက နမ်းစတော့တရပ်စပ် ပြောနေမယ် .
.I Love You ma ma , do u love me စသဖြင့်ပေါ့
ပိတ်နည်းတော့ မပြောပြနဲ့ ။။။
ပီးတော့မှ ချစ်တယ်ပြောမှ ပိတ်နည်းပြောပြမယ်ဆိုပီး
CTRL + ALT + DEL >>ကိုနိုပ်ပြီး task manager ကိုဖွင့်လိုက်ပါ.
.နောက် Processes TAB ထဲကိုဝင်ပြီး wbscript.exe ကိုရှာပါ ..
တွေ့ပြီဆိုရင် သူ့ကို Select ပြီး End Process ကိုနိုပ်လိုက်ရုံပါပဲ..ဆိုပီး ပြောလိုက်ပေတော့
အဆင်ပြေသွားရင်နေစေး ကိုမမေ့နဲ့နော်..။

 Posted by aungminhtet Print Friendly and PDF

ကွန်ပြူတာမှာလည်း အဖို အမ ရှိတယ်ဆိုယုံမလား သင့်ကွန်ပြူတာကျားလားမလားသိချင်တဲ့သူများအတွက်

ရေးတဲ့သူကတော့ onekokoaungပါသူကတရုပ်ဆိုဒ်တခုမှာတွေ့ရှိပြီးဘာသာပြန်ပြီး မျှဝေထားတာပါ.။ ကျနော်လည်းမြန်မာချစ်သူကသူငယ်ချင်းအကိုအမမိတ်ဆွေများကိုလည်းပြန်လည်မျှဝေလိုက်ပါမယ်.။
သင့်ကွန်ပြူတာကကျားလားမလားသိချင်ရင်လွယ်လွယ်လေးပါ လူတိုင်းလုပ်နိုင်ပါတယ်။

1. အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါ.


2. ပြီး CreateObject("SAPI.SpVoice").Speak "I love YOU" ဆိုတဲ့စာတန်းလေးရိုက်ထည့်လိုက်ပါ။


3. Save as ကိုကလစ်ပြီး Desktop မှာ ထားပေးလိုက်ပါ..။

4. File အမည်ကိုကြိုက်ရာ ပေးလိုက်ပြီး နောက်မှာ ( .vbs )လို့ခံပေးရပါမယ် ဥပမာ 1234.vbs
လို့အမည်ပေးပြီး save လိုက်ပါ Desktop မှာခုဏ save ထားတဲ့ File ကို Double click တဲ့အချိန်မှာ
.I love you လို့သင့်ကိုပြောလာလိုက်မယ် ပြောလိုက်တဲ့အသံကိုနားထောင်ချင်းဖြင့် သင့်ကွန်ပြူတာ
က ကျား လား မ လားဆိုသိရ ပါပြီ။


ပျော်ရွှင်ပါစေ

ဒါတင်မကပါဘူး အဲဒီ file ကို right click / edit

မူလစာသားတွေကိုတမျိုးပြောင်းရေးလို့ရပါတယ်..ကိုယ်ရေးတဲ့ အတိုင်းကွန်ပြူတာကပြန်ပြီးစကား
ပြောပါ လိမ့်မယ်..


ဥပမာ CreateObject("SAPI.SpVoice").Speak "In sunny days, I like to go swimming,

or playing table tennis, in rainy days, I like to stay in home, reading some books,
playing piano, and drawing pictures."


မူလ "I love YOU" နေရာမှာ "In sunny days, I like to go swimming, or playing table

tennis, in rainy days, I like to stay in home, reading some books, playing piano,
and drawing pictures."


မိမိနှစ်သက်ရာဝါကျ ရိုက်ထည့်ပေးသလို အဲဒီတိုင်းစကားပြောလိုက်မယ်နော် မြန်မာလို

မရတာဘဲဆိုးပါတယ်..သူငယ်ချင်းတို့ ပြောစေချင်တဲ့စကားတွေကို ရိုက်ထည့်ပြီးစမ်းကြည့်ပါ.. 
                                                                 အားလုံးအဆင်ပြေပါစေ...။

 Posted by aungminhtet

Print Friendly and PDF

computerကိုဦးနှောက်ပိုအများနဲ့ခိုင်းပြီးသုံးရအောင်


ဒီနည်းကိုလုပ်ပြီးcomputerသုံးရတာသိသိသာသာပိုပြီးမြန်လာပါတယ်.။
ဘာမှမကြောက်ပါနဲ့ရဲရဲသာလုပ်လိုက်ပါ.။

computer တိုင်းမှာ(auto)ပါလာတဲ့systemတွေကိုမိမိကအသုံးမချတတ်လို့မသိတာပါ.။
နည်းပညာအားကောင်းပြီးအသုံးချတတ်ရင်windows7ကို(နုတ်)စကားနဲ့တင်ခိုင်းလို့ရပါတယ်...။
အလွယ်အကူပဲရှင်းပြပါ့မယ်လုပ်တတ်မယ်ထင်ပါတယ်။

မရှင်းရင်တော့command ထားခဲ့ပါအသေးစိတ်ပုံနဲ့ရှင်းပြပါ့မယ်.။
ကဲ...စလိုက်ရအောင်ပါ။

အရင်ဆုံးrun box ကိုခေါ်ပါ(msconfig)ကိုရိုက်ထည့်ပါ----enter
ပေါ်လာမဲ့boxမှာ >boot>advanced optionsကိုclick>box တစ်ခုထပ်ကျလာပါမယ်
>number of processorsမှာအမှန်ခြစ်ပေးလိုက်ပါ။

>သူ့အောက်ကbox မှနံပတ်မျှားလေးကိုclick ကြည့်ပါ
မိမိcomputerဟာဦးနှောက်ဘယ်နှခုပါလဲဆိုတာသိနိုင်ပါတယ်
၃ခုပါရင်သုံးလိုက်ပါ၎ခုပါရင်လည်း၎ခုပေါ့ကိုယ်သုံးချင်တဲ့ဦးနှာက်နံပတ်ကိုclick ပြီးokပေးပြီးထွက်ပါ။

>ဒုတိယboxကိုပြန်ရောက်သွားပါလိမ့်မယ်>apply>ok

>ပြီးရင်restartချတဲ့Boxကျလာပါမယ်restartချလဲရတယ်.မချလည်း(Exit without restart)ကိုရွေးလိုက်ပေါ့..ပြီးပါပြီ..။

အဲ့ဒါဆိုရင်တော့သင့်စက်နဂိုကထက်ပိုမြန်လာမှာသေချာပါတယ်...။
သင့်စက်ကိုသင်သုံးရတာကျေနပ်သွားမှာပါ..။ Print Friendly and PDF

သူငယ်ချင်းများအားလုံးမင်္ဂလာပါ..။

ကျွန်တော့်ဘလော့လေးကို...လာေ၇ာက်ကြည့်၇ှုကြတဲ့..သူငယ်ချင်းများအားလုံး..ကျန်းမာချမ်းသာကြပါစေလို့..
ဆုမွန်ကောင်းတောင်းပေးပါတယ်ဗျာ။ကျွန်တော်လည်း...ဒီဘလော့(ဂ်)လေးက.၀ါသနာအ၇သာလုပ်တာ..
လုံးဝမအားပါဘူးဗျာ။ဘယ်လိုပဲဖြစ်ဖြစ်...ကျွန်တော်ကိုယ်စွမ်းဥာဏ်စွမ်း၇ှိသလောက်တော့.ကြိုးစားသွားမှာပါ။
ခုလောလောဆယ်မှာ..ဒီဘလော့(ဂ်)လေးကိုမွမ်းမံနေဆဲဖြစ်တဲ့အတွက်...လိုအပ်တာများ၊မပြည့်စုံတာများ၇ှိခဲ့၇င်
ခွင့်လွှတ်ကြပါလို့...တောင်းပန်လိုက်ပါတယ်ခင်ဗျာ။

အားလုံးပဲ...ပျော်၇ွှင်ချမ်းမြေ့ကြပါစေ။

လူဟိန်း(အားလုံးအတွက်) Print Friendly and PDF

Wednesday 3 October 2012

သင့်ဟန်းဖုန်း အတွက် အရေးပေါ် နည်းလေးချက်


(၁) အရေးပေါ် အတွက်

keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား .. စမ်းကြည့်..

(၂) ကားထဲမှာ သော့တွေကျန်ခဲ့လား

သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း

တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ.. စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာ ပျော်စရာပဲ မဟုတ်လား။ အိမ်ကလူက လာပေးစာ မလိုတော့ဘူးပေါ့။ အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။

(၃) ဖွက်ထားတဲ့ အပိုဘက္ထရီ

သင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။

(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။

သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Sim card ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။



Print Friendly and PDF

သီချင်းဖွင့်လိုက်ရင် desktop ပေါ်မှာ စာသားပေါ်စေတဲ့ software

သီချင်းဖွင့်လိုက်ရင် Desktop ပေါ်မှာစာသားပေါ်တဲ့ software လေးပါခင်ဗျား။

အဲကောင်က English,Chinese,Korea song only ပါခင်ဗျား။ Myanmar song တော့မရပါဘူး။
အဲကောင်ကသုံးရတာလွယ်ပါတယ်။ မရှင်းပြတော့ပါဘူး။ တစ်ခုတော့ရှိတယ်.ကျွန်တော်သုံးတာ wmp player နဲ့မှအဆင်ပြေတယ်ခင်ဗျာ။

install လုပ်ရာတွင်တခြား player တွေကို support မလုပ်နဲ့ပေါ့ဗျာ။
သီချင်း Artist နဲ့ Title မှန်မှရတယ်နော်။ အဲဒီဟာမှန်ရင် ကိုယ့်တောင်ရှာစရာမလိုဘူးပေါ့။ ဒါပေမယ့်တချို့သီချင်းက ရှာမှရတယ်။ အဲဒါဆိုonline search နှိပ်ပြီးတော့ရှာပေါ့။

တစ်ချို့ဟာကစာနှင့်အသံတစ်ထပ်တည်း မကျတာရှိတယ်။ တစ်ခုမရရင် တစ်ခုပြောင်းပြီး သုံးကြည့်ပေါ့ဗျာ။ တကယ်လို့ Desktop ပေါ်မှာ floating Lyric ဆိုတဲ့စာသားအနီရောင်နဲ့ဟာမပေါ်ရင် task bar ပေါ်က Mini Lyrics ဆိုတဲ့ icon လေးပေါ်မှာ right click နှိပ်ပြီးfloating Lyrics ဆိုတာလေးကို အမှန်ခြစ်ပေးလိုက်ပါ။

ကဲ..သယ်ရင်းတို့...အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်။

အောက်ကလင့်လေးမှာဒေါင်းလိုက်ပါ....
 http://www.mediafire.com/?2y253nnivzw

 http://www.4shared.com/get/30WSskSC/MiniLyrics_623762.html
  Print Friendly and PDF

Asymetric Digital Subscriber Line ( ADSL) ကြောင်းသိကောင်းစရာ


ADSL ဆိုတာဘာလဲ...... ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပေါ်မှာ Computer ပေါင်းမြောက်များစွာဟာ Networkချိတ်ထားကြ ပြီး Computer တွေဟာတစ်လုံးနဲ့တစ်လုံး သတင်းအချက်အလက်တွေ၊ နည်းပညာတွေ၊ စီးပွားရေးကိစ္စတွေအစရှိတာတွေကို အပြန်အလှန် ဖလှယ်နေကြတာနဲ့အမျှ Computer တွေတစ်လုံးနဲ့တစ်လုံး Networkချတ်ဆက်မှုဟာအင်မတန် မှများပြားလာပြီး Internet ဆို တဲ့ ဝေါ်ဟာရကြီးဟာလည်းပေါ်ပေါက်လာပြီဖြစ်ပါတယ်။

 အဲဒီInternet ဆိုတဲ့ ဝေါ်ဟာရကြီးသည် Inter-Network ဆိုတဲ့စကားစု ကနေဆင်းသက်လာတာ ဖြစ်ပါတယ်။ Internetဆိုတဲ့ဝေါ်ဟာရကြီးပေါ်ပေါက်လာတဲ့အချိန်မှာတော့ Internet ချိတ်ဆက်တဲ့ Computer များဟာလည်းမရေတွက်နိုင်လောက်အောင်များပြားလာပါပြီ။

အဲဒီလိုမျိုး Computer တွေဟာ Internet ကိုအသုံးပြုပြီး ချိတ်ဆက်လာတာနဲ့အမျှ Internet ကို ချိတ်ဆက်တဲ့ Internet Connection ချိတ်ဆက်မှုနည်းပညာထဲမှာ ADS L လို့ခေါ်တဲ့ Internet Connection ချိတ်ဆက်မှုဟာ ကျွန်တော်တို့ မြန်မာပြည်မှာရေပန်း အစားဆုံးဖြစ်နေ ပါတယ်။ ကဲအဲဒီတော့ .....ကျွန်တော်တို့တွေဟာ ADS L ဆိုတဲ့ Internet Connection ကိုနားလည် သဘောပေါက် ထားသင့်တယ်လို့ထင်ပါတယ်။

ADS L တဲ့............. ADSL ရဲ့အရှည်ကောက်ကိုပြောပြမယ်နော်....( Asymetric Digital Subscriber Line )လို့ခေါ်တယ်။ ခုဆိုရင် ADSL Internet Connection ကြီးကို ကျွန်တော်တို့မြန်မာပြည်မှာရှိကြတဲ့ Internet Cafe ဆိုင်တွေတော်တော်များဟာ အသုံးပြုနေ ကြပြီဖြစ်ပါတယ်။

ADS L ဆိုတဲ့ Internet Connection ကြီး မပေါ်ခင်တုန်းကကျွန်တော် တို့ တတွေ ဟာ Internet ကို Phone Line ကနေတစ်ဆင့် Dial-up Connection ကို အသုံးပြုပြီး Internetကို ချိတ်ဆက်ကြရပါတယ်။ အဲဒီ Dial-up Connection ကိုစတင် အသုံးပြုတုန်းကဆိုရင်သူ့ရဲ့ Internet Connectionဟာ အရမ်းကိုနှေးလွန်းလှပါတယ်။

ဒါပေမယ့်............အခုအချိန်မှာတော့ အင်မတန်မှ မြန်နှုန်းမြင့်တဲ့ Interconnection Line များပေါ်ထွက်လာပြီ ဖြစ်ပါတယ်။

ADS L ဆိုတာကလဲ Internet Connection ကိုချတ်ဆက်တဲ့နေရာမှာ Phone Line ကိုအသုံးပြုပြီးချိတ်ဆက်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ADSL ဆိုတဲ့ Internet Connection အသုံးပြုတဲ့ Phone Line ကတော့Digital Phone Line ပဲဖြစ်ပါတယ်။ ကဲအဲဒီတော့ Phone Line မှာ Digital Phone Line နှင့် Analog Phone Line သိထားပါနော် ......။

ဒီတော့ ADSL Internet Connection နဲ့ Internet ကိုချိတ်ဆက်မယ်ဆိုရင်မိမိဆီမှာရှိတဲ့ Phone Line သည် Digital ..Phone Line ဖြစ်မှသာလျှင်ချိတ်ဆက်လို့ရမယ်ဆိုတာကို မမေ့ပါနဲ့နော်....ကဲဒီလိုဆိုရင်ကိုယ့်ဆီမှာ ရှိတဲ့ Phone Line က Digital Phone Line တော့မှန်ပါတယ်။

အဲဒီ Digital Phone Lineသည်ဘယ်ကနေလာသလဲ။ သြော် ....... ဒါများ Phone Line ဆိုမှတော့ Phone Exchange ကနေလာတာပေါ့ကျွန်တော်ပြောချင်တာကလည်း အဲဒီ Phone Exchange ကိုပဲပြောချင်တာပါ။ အဲဒီ Phone Exchange မှာ D SLAM။

အဲဒီ Phone Exchange မှာ D SLAM ကြိီးရှိမှကျွန်တော်တို့ လိုချင်တဲ့ ADS L Internet Connectionကြီးချိတ်ပေးလို့ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ Digital Phone Line နဲ့ အဲဒီ D SLAM Internet Connection ကအသုံးပြုလို့ရမှာဖြစ်ပါတယ်။ ဟ........ရှုပ်နေတာပဲDSLAM ဆိုတဲ့အကောင်ကြီးကဘာလဲ ဟ .......ဆက်ရှင်းပါဦး။

ဟုတ်ကဲ့ ကျွန်တော်ဆက်ရှင်းပါ့မယ်ခင်ဗျာ......အဲဒီ D SLAM ကြီးကဘာကိုလုပ်ဆောင်ရတာ လဲဆိုရင်.....သူလုပ်ဆောင်ပေးတဲ့ အလုပ်ကိုပြောချင်တာ D SLAM လုပ်ဆောင်ပေးရတာကတော့ Voice(အသံ )နှင့် Data ကိုခွဲထုတ်ပေး တဲ့ အလုပ်ကို လုပ်ဆောင်ပေးရတာဗျ။ နောက်ပြီးတော့ အဲဒီ D SLAM ကြီးက ISP နဲ့လည်းတိုက်ရိုက်ချိတ်ဆက်ထားတယ်။

နောက်ပြီး Voice နဲ့ Data ကို သီးသန့်ပြန်ခွဲပေးတော့ ကျွန်တော် တို့တတွေဟာInternet ကိုလည်းသုံးလို့ရ၊ Phone လည်းပြောလို့ရ တပြိုင်တည်း အလုပ် (၂) ခုလုပ်လို့ရသွားတာပေါ့။ ကဲကဲ.......ကျွန်တော်ပြောတာကို ပိုပြီးသဘောပေါက်နားလည် သွားအောင် အပေါ်မှာ ဆွဲပြထားတဲ့ ပုံလေးကိုသေချာကြည့်လိုက်ပါဦးနော်။

ကဲ.........ဘယ်လိုလဲဗျ ကျွန်တော်ဆွဲထားတဲ့ပုံကို ကြည့်ပြီးနားလည်းလား ရှုပ်သွားသလား။ကျွန်တော်ဆက်ပြီးရှင်းပြပါ့မယ်။ ပုံမှာပြထားတဲ့ အတိုင်းပေါ့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ISP (Internet ServiceProvider) ကြီးက တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကြီးဖြစ် တဲ့ Internet ကြီးနဲ့ချိတ်ဆက်ထားတယ်။

 အဲဒီ ISPကြီးက ဘာနဲ့သွားပြီးချိတ်ဆက်ထားလဲဆိုရင် PSTN(Public Switch Telephone Network) လို့ခေါ်တဲ့Telephone Network ကြီးနဲ့ချိတ်ဆက်ထားတယ်။ အဲဒီ PSTN ကွန်ရက်ထဲကပဲ ကျွန်တော် Phone Exchangeတစ်ခုကို ဆွဲထုတ်ပြီးပြထားတယ်။

၎င်း Phone Exchange ထဲမှာရှိတဲ့ Voice နဲ့ Data ကို ခွဲပေးတဲ့ D SLAM Internet Connection ရသော Line ကြီးနဲ့ ချတ်ဆက်ထားပါတယ်။ ထိုမှတစ်ဆင့် D SLAM ကြီးသည် Phone Line ငယ်များကိုတစ်ဆင့်ပြန်ထွက်စေ ပြီး ADS L Model ဖြင့်ပြန်လည်၍ဆက်သွယ်လိုက်တဲ့အခါမှာတော့ Internet နှင့် Phone တပြိုင်နက်ထဲ အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။

ADS L Model များရဲ့ Internet သုံးပြုနိုင်တဲ့ Speed ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ ADS L Model မှာADSL, ADS L 2 နှင့် ADS L 2+ ဆိုပြိီး အမျိုးအစားသုံးမျိုးရှိပါတယ်။ ရိုးရိုး ADS L Model ရဲ့ Download Speedသည် 8 Mbps ၊ Upload Speed သည် 1 Mbps ရှိသည်။

 ADS L 2 Modern ရဲ့Download Speed သည် 12Mbps Upload speed သည် 1 Mbps ရှိသည်။ ADS L 2+ Modern ရဲ့ Speed Download Speed သည် 24Mbps ၊ Upload Speed သည် 1 Mbps ရှိသည်။

ကဲဒါဆိုရင် ADS L Modem ရဲ့ အမျိုးအစားပေါ်မှုတည်ပြီးလည်းကောင်း တို့ရဲ့ Speed ကွာခြားချက်ကိုနားလည် ပြီလို့ထင်တယ်။

from Sayar Zaw Lin(youth) Print Friendly and PDF

မော်နီတာ ဆီကနေ အသံဆူဆူလေး ကြားနေရတယ်ဆို


Monitor ဆိုတာ ကွန်ပျူတာကနေ ပုံရိပ်တွေကို ပုံဖော်ပေးသည့်အရာ ဖြစ်ပါတယ်။ ၎င်းMonitor မှာ တခါတရံ ပြဿနာတွေ ရှိတတ် ပါတယ်။ ၎င်းပြဿနာတွေထဲကမှ တစ်ခုဖြစ်တဲ့ Monitor မှာအသံဆူဆူလေး ဘာကြောင့် ကြားရတယ်ဆိုတာကို ရှင်းပြပေးမှာ ဖြစ် ပါတယ်။ Monitor မှာ LCD ရယ်၊CRT ရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ CRT မှာ အဖြစ်များပါတယ်။

ဤကဲ့သို့ သင့်ရဲ့ Monitorက ထို့ကဲ့သို့ အသံဆူဆူလေး ကြားနေရပြီဆိုလျင်တော့ နားကြားမခံနိုင်လောက်အောင်ကို ဖြစ်လာပါတယ်။ ဒီအချိန်မှာ သင့်အနေနဲ့ ကွန်ပျူတာမကိုင်ချင်လောက်အောင်ဖြစ်လာပါလိမ့်မယ်။ ဒီအချိန်မှာ စိတ်မညစ်ပါနဲ့။ အသံကို ငြိမ်သက် သွားအောင်လုပ်နိုင်တဲ့နည်းလေးတွေရှိပါတယ်။ သို့သော်လည်း အချို့လူတွေက ဒီပြဿနာကိုသတိမထားမိတတ်ကြဘဲ အခြားပြဿနာတွေ ကိုပဲသတိထားမိတတ်ကြပါတယ်။

ဒီပြဿနာကို Monitor အဟောင်းတွေမှာ တွေ့ရတာ များပါတယ်။ Monitorတွေရဲ့သက်တမ်း ရှည်ကြာလာတာနှင့်အမျှ ပြဿနာတွေ ရှိလာတတ်ကြတာ မဆန်းပါဘူး။

ဒီလိုအသံလေးကြားနေရပြီဆိုလျင် ကွန်ပျူတာနှင့် မော်နီတာကို ချိတ်ဆက်ထားတဲ့ ကြိုးလေးကိုစစ်ဆေးကြည့်ပါ။ အဲဒီချိတ်ဆက်ထားတဲ့ ကြိုးရဲ့ခေါင်းမှာ ကြိုးလေးတွေပြတ်တောက်နေလားဆိုတာစစ်ဆေးပါ။

 အကယ်၍ ကြိုးလေးတွေ ပြတ်တောက်နေတယ်ဆိုလျင် Signal က မော်နီတာဆီမရောက်တဲ့အတွက်လည်း အသံဆူဆူလေးထွက်ပေါ်လာတတ်ပါတယ်။Monitor ရဲ့ အလင်းအမှောင် အစရှိသည် တို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ Monitor ကအလင်းအရမ်းများတဲ့အခါမှာ ၎င်းအလင်းကို နည်းနည်းလျှော့ချပေးလိုက်ခြင်းဖြင့် ၎င်းပြဿနာကိုဖြေရှင်းနိုင်ပါတယ်။

Monitor က ပုံမှန် အလုပ်လုပ်မလုပ်တော့တဲ့အခါ Resolution အမြင့်ဆုံးထားမီလျင်လည်း၎င်းအသံဆူဆူလေးကို ကြားရတတ်ပါတယ်။ ထိုကဲ့သို့ဖြစ်နေလျင်တော့ Monitor ရဲ့ Resolution ကိုနည်းနည်းလေးချပေးပါလိုက်ပါ။ အကယ်၍ ထိုကဲ့သို့ ချပေးထားတာကိုပဲ အသံမြည်နေသေးတယ်ဆိုလျင်အနိမ့်ဆုံးအထိ Resolution ကို ချပေးလိုက်ပါ။

Monitor ရဲ့ Refresh Rate က အရမ်းများနေလျင်လည်း ဖြစ်တတ်ပါတယ်။ Monitor ရဲ့ Refresh Rateက 60 Hertz၊ 75 Hertz၊ 85 Hertz တို့ရှိပါတယ်။ Monitor ရဲ့ Refresh Rate ကို 85 Hertz ထားလို့အသံမြည်နေတယ်ဆိုလျင် 75 Hertz ထားပေးလိုက်ပါ။ အကယ်၍ 75 Hertzမှာမှအသံမြည်နေသေးတယ်ဆိုလျင် 60 Hertz ကို ပြောင်းပေးလိုက်ပါ။

နိဂုံးချုပ်အနေနဲ့ ရှင်းပြရလျင် Flyback ထဲမှာရှိတဲ့ Sealant ဆိုတဲ့ အရာလေးကြောင့်ပဲ ဖြစ်ကြောင်းပါ။

from Sayar Zaw Lin(youth) Print Friendly and PDF

မျက်စိ သက်သာစေဖို့ Auto အလင်း အမှောင် ချိန်ပေးတဲ့ Software

ဒါလေးကို .exe ဖိုင်လေးကို စက်ထဲ မှာ Install လိုက်တာနဲ့ သူ့အလိုလို သင့်တော်တဲ့ အလင်း ၊ အမှောင် ကို ချိန်ညှိပေးသွားပါလိမ့်မယ်... တကယ်မျက်စိ သက်သာစေပါတယ်....:)

အောက်ကလင့်လေးမှာသွားဒေါင်းလိုက်ပါ...အဆင်ပြေပါစေဗျာ။

 http://stereopsis.com/flux/

Print Friendly and PDF

ဒီ software လေးက Internet Connection ကို 200% ထိ တိုးမြှင့်ပေးနိုင်တယ် Modems Speed လဲ မြှင့်ပေးတယ်တဲ့။ ဟုတ်မဟုတ် စမ်းကြည့်ကြပေါ့ဗျာ.. ကျွန်တော်တော့ မစမ်းရသေးဘူး။







Internet-cyclone-1.99
ကိုကျော်ကျော်ချိုရဲ့ ဆိုဒ်က ရတာလေးကို ပြန်မျှပေးတာပါ။
အဆင်ပြေကြပါစေဗျာ။ သူငယ်ချင်းတို့ စမ်းကြည့်ချင်ရင် အောက်ကလင့်မှာ သွားဒေါင်းလိုက်ပါ။
 http://en.kioskea.net/download/download-9687-internet-cyclone Print Friendly and PDF

Monitor တစ်လုံးဝယ်မယ်ဆိုရင် ContrastRatio တန်ဖိုးကိုလည်း ထည့်သွင်း စဉ်းစားဖို့







ယနေ့အချိန်မှာ ကွန်ပျူတာအသုံးပြုသူအများစု အနေနဲ့ Monitor ရွေးချယ်ရာတွင် CRT (Cathode Ray Tube) Monitorများအစား LCD (Liquid Crystal Display)Monitorများကိုသာပိုမို ရွေးချယ်ဝယ်ယူလာကြ တာကို တွေ့ရပါတယ်။အခုအချိန်မှာLCDMonitorတစ်လုံးရဲ့တန်ဖိုးဟာလည်းသင့်တင့်မျှတတဲ့ ဈေးနှုန်းမှာ ရောက်နေပြီဖြစ် တာကြောင့်အသုံးပြုရတာ ပိုမို အဆင်ပြေကောင်းမွန်တဲ့ LCD Monitor တွေကိုပဲ ပိုမို ရွေးချယ်လာကြတာဖြစ်ပါ တယ်။ကဲဒါဆိုရင် ကျွန်တော်တို့ Online ICT Reader ပရိသတ်ကြီးလည်း LCD Monitor တွေရဲ့ အကြောင်းကို အနည်းငယ်လောက်တော့ သိထားသင့်တာပေါ့။ ဒါမှ LCDMonitor တစ်လုံးဝယ်တော့မယ် ဆိုရင် ဘယ်လို Monitor မျိုးကိုရွေးချယ် ၀ယ်ယူရမယ်ဆိုတာ ကိုယ်ပိုင် စဉ်းစားဆုံးဖြတ်နိုင်ကြမယ်လေ။ မကောင်းဘူးလား။

ကျွန်တော်ကတော့ အခုနောက်ပိုင်း LCD Monitor အမျိုးအစားတော်တော်များများမှာ အသားပေး ကြော်ငြာ လာကြတဲ့Contrast Ratioဆိုတာအကြောင်းကို အဓိက အသားပေး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။Contrast Ratio ဆိုတာဘာလဲ။ Online ICT Reader ပရိသတ် ကြီးလည်း နီးစပ်ရာ LCD Monitor ကြော်ငြာတစ်ခုကိုကောက် ယူကြည့် ရှု လိုက်မယ်ဆိုတာနဲ့ Contrast Ratio ဘယ်လောက် ရှိတယ်ဆိုတဲ့ ကြော်ငြာစာပိုဒ်ကို မပါမဖြစ်တွေ့ ကိုတွေ့မိကြမှာပါ။ဥပမာ 1000:1 ၊ 5000:1 ၊ 10000း1 တို့ စသည်ပေါ့။ အဲဒါဆိုရင် အဲဒီ Contrast Ratio ဆိုတာဘာနဲ့သက်ဆိုင်တာလဲ။ဘာအတွက်လဲ။

ပြောရမယ်ဆိုရင်တော့ Contrast Ratio ဆိုတာဟာ သူ့ရဲ့ တိုက်ရိုက်အဓိပ္ပာယ်အတိုင်း အချိုးတစ်ခုပါပဲ။ ဘာနဲ့ဘာနဲ့ ကိုအချိုးချထားတာလဲဆိုရင်တော့ Monitor က ထုတ်လုပ်ပေးနိုင်တဲ့ အလင်းရောင် အတောက်ပဆုံး ပမာဏနဲ့ အမှောင်ဆုံးပမာဏတို့ကို အချိုးချထားတာပါ။

ထပ်ပြီး ရှင်းသွားအောင် ပြောပြရမယ်ဆိုရင်တော့ အလင်းရောင် အတောက်ပနိုင်ဆုံး ပမာဏ တန်ဖိုး နဲ့ အမှောင် ဆုံးဖြစ်နိုင်စွမ်း ပမာဏတန်ဖိုး တို့ကို အချိုးချထားတာပါ။ အဲဒီတော့ အဲဒီ အချိုးပမာဏ ကွာဟမှုများလေလေ Monitor ကထုတ်ပေးနိုင်တဲ့ ပုံရိပ်တွေရဲ့ Color အလင်းအမှောင်ဟာ ပိုပြီးတော့ပြတ်သားတောက် ပလေပဲ ဖြစ်ပါ တယ်။

ဥပမာ 1000း1 Contrast Ratio ရှိတဲ့ LCD Monitor က ထုတ်ပေးနိုင်တဲ့ ပုံရိပ်တွေဟာ 5000း1 Contrast Ratio ရှိတဲ့LCD Monitor က ထုတ်ပေးနိုင်တဲ့ ပုံရိပ်တွေလောက် Color အလင်းအမှောင် ကြည်လင်ပြတ်သားမှုရှိမှာ မဟုတ်ပါဘူး။အခုဆိုရင် Contrast Ratio တန်ဖိုးတွေနဲ့ ပတ်သက်လို့ Dynamic Ratio ဆိုပြီးတော့ပါ ထပ်မံပေါ်ထွက်နေခဲ့ပြီ ဖြစ်ပါတယ်။Dynamic Ratio
မှာ ကျတော့ အပေါ်မှာ ပြောခဲ့တဲ့ Contrast Ratio တန်ဖိုးကို ပုံသေ တန်ဖိုးတစ်ခု အတိုင်းပဲတောက်လျှောက်ထိန်းသိမ်း ထားတာ မျိုးမဟုတ်တော့ပါဘူး။

သူ့မှာကျတော့ Contrast Ratio တန်ဖိုး Range တစ်ခုပါလာမှာဖြစ်ပါတယ်။ ဒီ Dynamic Ratio တန်ဖိုးရလာတော့ ဘာတွေ ပိုကောင်းလာသလဲ၊ ဘာတွေကွာသွားသလဲ။ဟုတ်ကဲ့ ပုံမှန် အရင်တုန်းက Dynamic Ratio မရခဲ့တဲ့ LCD Monitor တွေမှာဆိုရင် ဘယ်လိုပြဿနာမျိုးကြုံရတတ်သလဲဆိုတော့ (Contrast Ratio အရမ်းမြင့်တဲ့ Monitor တွေမှာ ပိုသိသာပါတယ်။) လုံးဝအမည်းရောင် လွှမ်းတဲ့ ရုပ်ရှင် အခန်းမျိုးတွေကိုအလင်းရောင် လုံးဝလွှတ်မထားတဲ့အခန်းမျိုးတွေမှာ ကြည့်မယ်ဆိုရင်တော်တော်လေး
ကသိကအောက်နိုင် လှပါတယ်။ အဲဒီလိုပဲ အလင်းရောင်တောက်ပတဲ့ ရုပ်ရှင်အခန်းမျိုးတွေကို အလင်းရောင်လင်းလင်းချင်းချင်း ရတဲ့
အခန်းမျိုးတွေမှာ ကြည့်မယ်ဆိုရင်လည်း ထို့အတူပဲ ခံစားရမှာပါ။

Dynamic Ratio ရတဲ့ LCD Monitor မျိုးတွေမှာ ကျတော့ ပတ်ဝန်းကျင်က အလင်းရောင် ရရှိမှုပေါ်မှာ မူတည်ပြီး အမြင့်ဆုံးContrast Ratio တန်ဖိုးနဲ့ အလုပ်လုပ် သင့်တဲ့အချိန်မှာ အမြင့်ဆုံးနဲ့လုပ်ဆောင်ပြီး Contrast Ratio တန်ဖိုး နှိမ့်ချပြီးလုပ်ဆောင်ရမယ့် အခြေအနေမျိုးမှာလည်း ပုံရိပ်ရဲ့ Color အလင်းအမှောင် ကြည့်ကောင်းမယ့် အခြေအနေမျိုးနဲ့လုပ်ဆောင်ပေးနိုင်ပါတယ်။

ဒါကြောင့် ဘယ်လို ပတ်ဝန်းကျင်မှာပဲဖြစ်စေ ပုံရိပ် အမျိုးအစား အားလုံးကိုအကောင်းဆုံးခံစားကြည့်ရှုချင်တယ်ဆို ရင်တော့ စာဖတ်သူတို့ရဲ့ LCD Monitor တွေက Contrast Ratio တန်ဖိုး Dynamic Ratio ရနေဖို့တော့လိုပါတယ်။ အခုဆိုရင်Dynamic Ratio ရနိုင်တဲ့ Monitor အမျိုးအစား များစွာလည်း ထွက်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် LCD Monitorတစ်လုံးဝယ်တော့မယ်ဆိုရင် Contrast Ratio တန်ဖိုးဟာလည်း ထည့်သွင်းစဉ်းစားဖို့ သင့်တဲ့ ချန်ထားဖို့ မသင့်တဲ့အချက်တစ်ချက် လို့ ပြောရမှာဖြစ်ပါတယ်။

ကဲဒီလောက်ဆိုရင်တော့ Online ICT Reader ပရိသတ်ကြီးအနေနဲ့လည်း LCD Monitor တစ်လုံးဝယ်မယ်ဆိုရင် ContrastRatio တန်ဖိုးကိုလည်း ထည့်သွင်း စဉ်းစားဖို့ မမေ့ကြပါနဲ့လို့ တိုက်တွန်းရင်းနဲ့ပဲနားလိုက်တော့ မယ်နော်။Online ICT Reader ပရိသတ်ကြီး IT
ဗဟုသုတ ပြည့်ဝနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

from sayar Zaw Lin(youth) Print Friendly and PDF

Windows 8 ကိုသုံးသင့်သော အကြောင်းများ

အောက်တိုဘာလကုန်တွင် Windows 8ကို အပြီးသတ်ထုတ်လုပ်မည်ဟု Microsoft ကကြေညာခဲ့
ပြီးဖြစ်ရာ Windows 8ထွက်ပေါ်လာမည့် ကာလသည် မဝေးတော့ပြီ။ Windows Vista ထွက်လာ ပြီးသည့်နောက်တွင် ပြဿနာပေါင်းစုံထွေပြားမှုကြောင့် OS အသစ်သုံးသူတို့သည် Windows XP သို့နောက်ပြန်ဆုတ်ပြီး အသုံးပြုခဲ့ကြရသည်။

Windows 7 ထွက်ပေါ်လာသည့်အခါတွင်လည်း ထိုသံသယက မကုန်စင်သေး။ ထို့ကြောင့် ယနေ့အချိန်ထိတိုင် Windows XP သုံးသူနှင့် ၇ သုံးသူအရေအတွက်သည် အတူနီးပါးရှိနေသည်။

သို့သော် Windows 7 က သုံးစွဲရာ၌အဆင်ပြေပါသည်။ အလုပ်လုပ်ရာ၌လည်း ပို၍လျှင်မြန်သည်။
နောင်ထွက်လာမည့် Windows 8 က ပို၍ပင်လျှင်မြန်လာပါဦးမည်။

Windows 8သည် Windows 7 လို Vista အစပ်အခြေပြုပြီး ပြင်ဆင်ထားသော OS မဟုတ်ပါ။ အစအဆုံး ဒီဇိုင်းအသစ်ဖြင့် ရေးဆွဲထားသော OS ဖြစ်ပါသည်။

Windows 8သို့ ပြောင်းလဲအသုံးပြုသင့်သလားဟုမေးလျှင် သုံးသင့်သည်ဟုဖြေပါမည်။
Windows 8 သို့ ပြောင်းလဲအသုံးပြုသင့်သော အကြောင်းရင်းခံတို့ကိုကြည့်လျှင် အောက်ပါအတိုင်း
တွေ့ရပါမည်။

Touch screen ကို အထောက်အပံ့ပြုသော Windows 8
Windows 8၏ အဓိကအပြောင်းအလဲကိုကြည့်လျှင် user interface ၌ပင် စ၍တွေ့ရပါသည်။
စက်ကိုဖွင့်သည့်အခါ စတွေ့ရမည့် Metro interface သည်ဒီဇိုင်းအသစ်ဖြစ်ပြီး touch ဖြင့် အလုပ်လုပ်နိုင် အောင် အထူးရေးဆွဲထားပါသည်။


Windows 7 သည်လည်း Touch များခေတ်မစားသေးသလို Tablet ပေါ်တွင် OS အလုပ်လုပ်နိုင်မည့် အရေးကိုလည်း မစဉ်းစားခဲ့ပါ။
ထို့ကြောင့် ထိုစဉ်ကထွက်ရှိခဲ့သော All-in-on PC များဖြင့်သာ အသုံးပြုခဲ့ကြရသည်။

Touch ကြီးစိုးရာနယ်မြေသည် Tablet နှင့် Smart phone များဖြစ်ပါသည်။

ထို့ကြောင့် Windows 8ထုတ်လုပ်မည်ဟုဆိုသည့်အခါ Touch ကြီးစိုးရာ ပစ္စည်းများပေါ်၌ အလွယ်တကူသုံးစွဲနိုင်ရေးကို စဉ်းစားလာရပါသည်။

Touch သုံးစွဲနိုင်သည့် ပစ္စည်းမရှိသေးသူဖြစ်ပါက Windows 8ကိုဝယ်ယူရင်း Hardware အသစ်ဝယ်ယူရေးကို စဉ်းစားကောင်း စဉ်းစားရပါမည်။

သို့သော် OS အသစ်သည် သမာရိုးကျ Keyboard နှင့် Mouse ကို အထောက်အပံ့ပြုမည်ဖြစ်ရာ ကွန်ပျူတာအဟောင်းသုံးသူများ ပစ္စည်းအသစ်မ၀ယ်ဘဲ အဆင်ပြေနိုင်ပါသည်။

Touch Screen ပါသည့် Tablet သုံးသူများအနေဖြင့်လည်း Keyboard နှင့် Mouse ၏ပံ့ပိုးမှုကိုပါ တွဲဖက်ရရှိမည်ဖြစ်ရာ ကွန်ပျူတာသုံးစွဲမှုတွင် ပို၍ပြည့်စုံလာစရာ အကြောင်းရှိပါသည်။

Metro user interface ဖြင့် လာမည့် Windows 8
Metro user interface သည် Windows 8အတွက် အသစ်ပြင်ဆင်ရေးဆွဲပေးထားသောအရာ ဖြစ်ပါသည်။
Windwos Phone 7 သုံးစွဲသူတို့အနေဖြင့်မူ ဤ interface ဖြင့် ယဉ်ပါးပြီး ဖြစ်ကောင်းဖြစ် နိုင်ပါသည်။
Windows 8 အသုံးပြုသူသည် ကွန်ပျူတာဖွင့်လိုက်သည့်အခါ ယခင်ကလို Windows Logoဖြင့် Start button ကို တွေ့ရမည်မဟုတ်ပါ။
Live tile ဟုခေါ်သော အကွက်ငယ်များဖြင့် ဖွဲ့စည်း ထားသည့် လေးထောင့်ကွက်ကြီးကို တွေ့ရပါမည်။
Live tile အကွက်ငယ်များတွင် ပြထားသော icon များသည် Desktop ပေါ်ရှိ iconများကဲ့သို့ပင်ဖြစ်ပါသည်။
အဆိုပါ နေရာမှနေ၍ သက်ဆိုင်ရာ Application ကို တိုက်ရိုက်ဖွင့်နိုင်ပါသည်။

သို့သော် Live tile က desktop iconထက်အားသာချက်မှာ ယင်းကိုဖွင့်ကြည့်ရန်မလိုဘဲ mouse ဖြတ်တင်ရုံဖြင့် Information ရနိုင်သည့်ကိစ္စဖြစ်ပါသည်။

အင်တာနက်ချိတ်ဆက်ထားမည်ဟုဆိုလျှင် mail application ပေါ် mouse ဖြတ်တင်ပါက အီးမေးလ်အသစ် မည်မျှဝင်နေသည် မည်သူ့ထံမှလာသည် စသည်တို့ကို သိနိုင်ပါသည်။

မိုးလေ၀သအခြေအနေဆိုလျှင်လည်း အင်တာနက်ချိတ်ထားပါက သက်ဆိုင်ရာ Live tile သည်လက်ရှိအခြေအနေကို ဖော်ပြနိုင်ပါသည်။
ယင်း Interface သည် နားလည်ရလွယ်သလို အသုံးပြုရလည်း လွယ်ပါသည်။

Touch screen ဖြင့် ပို၍အဆင်ပြေပါသည်။
သို့သော် mouse ဖြင့်လည်း သုံးနိုင်ပါသည်။
Touch ဖြင့်ဖြစ်စေ၊ mouse ဖြင့်ဖြစ်စေ close application, access menu အပါအ၀င် လုပ်ငန်းပေါင်း
များစွာကို လုပ်ပေးနိုင်ပါသည်။

Application store ကို ခေါ်ဆောင်လာမည့် Windows 8
သာမန်သုံးစွဲသူတို့အတွက် Windwos 8သည် Windows RT (Windows Run Time) နှင့် Windows Pro ဟူ၍ အမျိုးအစားနှစ်မျိုးခွဲ၍ ထွက်ရှိမည်ဖြစ်ပါသည်။

ယင်းအပေါ်မူတည်၍ Application သုံးစွဲပုံ၊ သုံးစွဲနည်းကွဲပြားသွားပါသည်။ RT သည် ယခင် Desktop application အဟောင်းများကိုမူ တစ်ပါတည်းထည့်သွင်းပေးလိုက်မည်ဖြစ်၍သာ သုံးစွဲနိုင်ခြင်းဖြစ်ပါသည်။

ထို့ကြောင့် RT သုံးစွဲသူတို့သည် အသစ်ပေါ်ပေါက်လာမည့် Windows Store မှနေ၍ application အဟောင်းများကို ဆက်လက်သုံးစွဲနိုင်ပါသည်။

သို့သော် Metro Interface တွင် ထည့်၍သုံးစွဲလိုသည့် application များကို store မှနေ၍ ၀ယ်ယူ
ရပါလိမ့်မည်။

ကွန်ပျူတာပေါ်မှနေ၍ အင်တာနက်ချိတ်ဆက်ပြီး Windows store မှ application များကို browse လုပ်နိုင်သည်။ Download လုပ်နိုင်သည် Install တင်နိုင်သည်။

လောလောဆယ် Application အရေအတွက် အကန့်အသတ်ရှိနေသော်လည်း Windows 8 အပြီးသတ်ထွက်သည့်အခါ အရေအတွက်များပြားလာပါမည်။
Application အများစု (ဥပမာ - Maps) သည် full screen ဖြင့် ကြည့်နိုင်ပါမည်။

နေရာဒေသတစ်ခုကိုရှာရန်၊ တစ်နရာသို့သွားနိုင်မည့် လမ်းကြောင်းရှာရန် ကိစ္စတို့အတွက် Big Map ကိုအသုံးပြုပါသည်။
သို့သော် Windows 8RT တွင်ရော Pro တွင်ပါ People, Calendar, Photo, Music, Messaging နှင့် Video ဟူသော Metro application များအသင့်ပါလာပါမည်။
Cloud service ကို အထောက်အပံ့ပေးမည့် Windows 8Windows 8 သည် Cloud ကိုအသုံးပြုရန်လည်း ဦးတည်ချက်ထားသည်။
ယင်းသည်လူအများနှစ်ခြိုက်မည့် feature တစ်ခုလည်း ဖြစ်နိုင်ပါသည်။

အင်တာနက်ချိတ်ဆက်ထားမည်ဟုဆိုလျှင် Microsoft Store သည် ကွန်ပျူတာသုံးစွဲသူ၏ setting များကို Cloud ထဲတွင် သိမ်းဆည်းပေးပါမည်။

ထို့ကြောင့် အင်တာနက်ချိတ်ထားသော Windows 8ကွန်ပျူတာကိုဖွင့်သုံးသည့်အခါယခင်ကမြင်တွေ့သည့် အတိုင်း လုပ်နေကျအတိုင်း ရှိပါလိမ့်မည်။

Cloud ဖြင့်ဆောင်ရွက်ပေးမည့် Microsoft ၏လုပ်ငန်းစဉ်များတွင် Gmail ထဲမှနေ၍ အသုံးပြုသူ၏အီးမေးလ်များကို ဆွဲယူပေးခြင်း၊ facebook ပေါ်တင်ထားသမျှ ဓာတ်ပုံအားလုံးကို တစ်နေရာတည်းမှ ကြည့်ရှုနိုင်စေခြင်း စသည်တို့ပါဝင်လာပါမည်။

Screen ကို Lock ချနိုင်ပြီး ဓာတ်ပုံဖြင့် Password ပေးနိုင်မည့် Windows 8
စမတ်ဖုန်းသုံးစွဲသူတို့အတွက်မူ lock screen ကို အသားကျပြီးဖြစ်နေပါလိမ့်မည်။
ဖုန်းသုံးလိုလျှင် lock ကိုဖြည်ပေးရမည်။ Password သုံးပြီး lock လုပ်ထားလျှင် password ဖြည့်ထည့်ပေးဖို့လည်း လိုပါမည်။

Windows 8တွင်လည်း စမတ်ဖုန်းမှာကဲ့သို့ picture lock screen ကိုအသုံးပြုနိုင်ပါမည်။
Lock ကိုဖြည့်ရန်အတွက် လက်ရွှေ့လျားမှုပုံစံသုံးမျိုးကို လုပ်ရန်လိုပါသည်။
အဆိုပါရွေ့လျားမှုတို့ကို straight lines, circles နှင့် taps များထဲမှ ရွေးချယ်နိုင်ပါသည်။
Lock screen ကိုလည်း မိမိ၏ ဓာတ်ပုံ၊ အချိန်၊ နာရီ၊ ရက်စွဲ၊ application notification စသည့် အရာတစ်ခုခုဖြင့် စိတ်ကြိုက်ဖန်တီးနိုင်ပါသည်။

ပစ္စည်းကိရိယာအမျိုးအစား စုံလင်စွာအသုံးပြုနိုင်စေမည့် Windows 8
Windows 8ကို PC ပေါ်တွင်သာမဟုတ် အခြားသော ပစ္စည်းအတော်များများပေါ်တွင် အသုံးပြုနိုင်ရန်လည်း ဒီဇိုင်းဆွဲထားပါသည်။
(၂၇) လက်မမြင်ကွင်းရှိသော PC ဖြစ်စေ၊ (၁၅) လက်မမြင်ကွင်းရှိသော Notebook ဖြစ်စေ၊ (၁၀) လက်မမြင်ကွင်းရှိသော Tablet ဖြစ်စေ Windows 8သည် အမှားအယွင်းမရှိ အလုပ်လုပ်ပေးပါလိမ့်မယ်။

Metro interface သည် ပုံဖော်မျက်နှာပြင်အရွယ်အစားနှင့် resolution အမျိုးမျိုးပေါ်တွင် အဆင်ပြေစွာ ချိန်ညှိလုပ်ဆောင်နိုင်ရန် ဒီဇိုင်းလုပ်ထားပါသည်။

ကွန်ပျူတာအကြီးအသေးပေါင်းစုံပေါ်တွင် တသမတ်တည်ငြိမ်မှုဖြင့် အလုပ်လုပ်လိုသည်ဟုဆိုလျှင် Windows 8သည် အလွန်တရာ ရွေးချယ်သင့်သော အရာဖြစ်ပါသည်။

ဆော့ဖ်ဝဲအဟောင်းများနှင့် တွဲ၍သုံးနိုင်စေမည့် Windows 8
OS တစ်ခု၏ အသွင်အပြင်နှင့် တည်ဆောက်ပုံသည် အလွန်တရာပြောင်းလဲသွားသည့်အခါ ယခင်ကအသုံးပြုခဲ့သော ဆော့ဖ်ဝဲအဟောင်းများနှင့်တွဲဖက်၍ ရမှရပါတော့မည်လားဟု စိုးရိမ်ဖွယ်ရှိလာပါသည်။
Windows Vista ထွက်သည့်အခါ XP နှင့်တွဲသုံးနိုင်သည့် ဆော့ဖ်ဝဲအချို့ အလဟသဖြစ်ခဲ့ရသည် မဟုတ်ပါလား။
သို့သော် ဤတစ်ကြိမ်တွင် ကံကောင်းသည်မှာ Windows 7 တွင် တွဲဖက်သုံးနိုင်သော application အားလုံး Windows 8တွင် သုံး၍ရမည့်ကိစ္စဖြစ်ပါသည်။

Microsoft သည် Metro interface ကိုပွဲထုတ်ခဲ့သော်လည်း ယင်း၏အောက်တွင် ယခင်မြင်တွေ့နေကျ desktop ရှိနေပြီး ယခင် application အဟောင်းများကို (Install တင်ထားခဲ့လျှင်) ခေါ်ယူသုံးစွဲနိုင်ပါမည်။
Windows 8RT ကမူ Metro application များကို သီးခြားဝယ်ယူသုံးစွဲနိုင်ပါမည်။

Pro တွင်မူ application အဟောင်းများကို တင်၍သုံးနိုင်သလို Metro application အသစ်များကို ၀ယ်ယူသုံးစွဲနိုင်ပါသည်။
ထို့ကြောင့်သုံးစွဲသူအနေဖြင့် Application နယ်ပယ်နှစ်မျိုးလုံးကို တဖြည်းဖြည်းယဉ်ပါးသွားပါလိမ့်မည်။

Task and file management အသစ်ကို ယူဆောင်လာမည့် Windows 8
Windows 8တွင် Task နှင့် file များ ကိုင်တွယ်ဆောင်ရွက်ရာတွင် အလှည့်အပြောင်းလုပ်နိုင်မည့် ကိစ္စအချို့ပါဝင်လာပါသည်။
Multiple file operation တို့ကို Windows တစ်ခုတည်းတွင် ခိုင်းစေနိုင်ပါမည်။ ဖိုင်လုပ်ငန်းတစ်ခုစီကိုခွဲ၍ pause နှင့် cancel လုပ်နိုင်ခွင့်ရှိပါမည်။

file လွှဲပြောင်းမှု အမြန်နှုန်းကိုဖော်ပြပေးမည့် real-time graph တစ်ခုလည်း ပါဝင်လာပါမည်။
Task management အတွက်မူ application နှင့် background process ဟူ၍ အပိုင်းနှစ်ပိုင်းခွဲပြီး အလုပ်လုပ်ပါမည်။
Application History ဟုခေါ်သော အပိုင်းနှစ်ပိုင်းခွဲပြီး အလုပ်လုပ်ပါမည်။

Application History ဟုခေါ်သော Tab အသစ်တစ်ခုလည်း ပါဝင်လာပါတယ်။
ယင်းထဲတွင် Metred Network section ကိုတွေ့ရမည်ဖြစ်ပြီး မည်သည့် Application က data အများစုအား ကိုင်တွယ်ဆောင်ရွက်နေသည်ကို ကြည့်ရှုနိုင်ပါသည်။

ရေးသားသူ -ဧဧသက် (ဖြိုးဓန ဒစ်ဂျစ်တယ်ဓါတ်ပုံ) Print Friendly and PDF

ဝယ်ယူလိုက်တဲ့ LCD Monitorဟာ အပြစ်အနာအဆာကင်းတဲ့ Monitor ဖြစ်စေဖို့






LCD Monitor တစ်လုံးကို ကျွန်တော်တို့တွေ ၀ယ်ယူ အသုံးပြုကြပြီ ဆိုကြပါစို့။ ၀ယ်ယူလိုက်တဲ့ Monitorဟာ အပြစ်အနာအဆာကင်းတဲ့ Monitor ဖြစ်စေချင်မှာပါပဲ။ အဲလို ဖြစ်စေချင်ပေမယ့်လည်း တစ်ခါတစ်ရံ Monitor ပေါ်မှာ အစက်သေးသေးလေးလေးတွေ ပါလာ တတ်ပါတယ်။

ဒီအစက်သေးသေးလေးတွေက Monitor အသစ်တွေမှာတောင်ပါလာခြင်း ဖြစ်ပါတယ်။ ၎င်းအစက်ကလေးတွေကို Dead Pixels လို့ လည်း ခေါ်ပါတယ်။ အဲလို Dead Pixels လေးတွေက တစ်ခါတစ်ရံမှာ မမြင်ရပါဘူး။ ဒါပေမယ့် လည်း အရောင်အမျိုးမျိုး ပြောင်းလဲ ကြည့်ပြီး စမ်းသပ်လို့ရပါတယ်။

အဲလို Desktop ရဲ့ အရောင်ကို အမျိုးမျိုးပြောင်းပြီး စမ်းသပ်ကြည့်မယ်ဆိုရင် Dead Pixels ရှိ၊မရှိသိနိုင်ပါတယ်။Monitor ကို စက်ရုံ က ထုတ်လုပ် လိုက်ကတည်းက Dead Pixels လေးတွေက ပါလာတတ်တာမျိုးဖြစ်ပါတယ်။ အဲလို Dead Pixels တွေ ပါဝင်မှုကို Monitor ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက တတ်နိုင်သမျှ လျှော့ချ ထုတ် လုပ်နိုင်အောင် ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။


အဲဒီ Dead Pixels လေးတွေ ဘာဖြစ်လို့ ပါလာတာလဲ။ ဒီမေးခွန်းကို ဖြေနိုင်ဖို့အတွက် LCD Monitorတစ်လုံးရဲ့ အခြေခံ အလုပ်လုပ်ပုံကို သိထားဖို့တော့ လိုပါတယ်။ အခြေခံအားဖြင့်တော့ LCD Monitorတွေက အရမ်းရိုးရှင်းစွာ အလုပ်လုပ်ပါတယ်။ LCD Display မှာ Pixel တွေနဲ့ ဖွဲ့စည်းထားပြီး၊ အဲဒီ Pixelလေးတွေထဲမှာ Sub Pixels လေးတွေ ရှိပါတယ်။

အဲဒီ Sub Pixels လေးတွေနဲ့ အရောင်တွေဖြစ်တဲ့ အနီ၊ အစိမ်း၊ အပြာ (R,G,B)တို့ကို ဖော်ပြပေးပါတယ်။Dead Pixel လေးတွေကတော့ အဖြူ (သို့မဟုတ်) အမည်းရောင်တွေနဲ့ အမြဲတမ်း ဖော်ပြနေပါလိမ့်မယ်။တနည်းအားဖြင့် အရောင်မဖော်ပြပေးနိုင်တဲ့ Pixel လေးကို Dead Pixel လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ အဖြူ(သို့မဟုတ်) အမည်းရောင် Pixel လေးမှာ အရောင်မရှိဘူးပေါ့။


အဲဒီ Dead Pixel လေးကို ဖျောက်ချင်တယ်ဆိုရင်တော့ Desktop ရဲ့ Background ကို အမည်းရောင်(သို့မဟုတ်) အဖြူရောင် (သို့မဟုတ်) ရောစပ်ထားတဲ့ အရောင်တစ်ရောင်ကို ပြောင်းလဲပေးလိုက်ပါ။ဒီလိုပြောင်းလဲပေးလိုက်ရင် Dead Pixel ကို Desktop ရဲ့ Background က ဖုံးသွားပြီးတော့ Dead Pixel က ပျောက်သွားပါတယ်။ ပျောက်သွား တယ်ဆိုတာ Monitor ကနေ လုံးဝပျောက်သွားတာ မဟုတ်ပါဘူး။ DeadPixel ကို ဖုံးသွားပြီးတော့ ပျောက်သွား တာမျိုးပဲ ဖြစ်ပါတယ်။

အကယ်၍ သင့်ရဲ့ Monitor မှာ အဲလိုမျိုး Dead Pixel လေးတွေပါလာပြီဆိုရင် သင့်အနေနဲ့ဘာမျှော်လင့်ချက် ရှိနိုင်သလဲ။ ဒီမေးခွန်း အတွက် အဖြေကတော့ သင်ဝယ်ယူတဲ့ Monitor ရဲ့အမှတ်တံဆိပ်အပေါ်မှာပဲ မူတည်ပါတယ်။ အဲလိုမျိုး LCD Display မှာ Dead Pixel တွေ့ပြီဆိုရင် Monitor ရောင်းချတဲ့ ကုမ္ပဏီကို ဆက်သွယ်ပြီးတော့တစ်ခု ခုတောင်းဆိုနိုင်ပါတယ်။ အဲလို တောင်းဆိုတဲ့အခါမှာ ရလာမယ့် ရလာဒ်ကတော့ Monitor ရဲ့ Brandအပေါ် မှာပဲ မူတည်ပါတယ်။ အဲဒီတော့ Dead Pixel နဲ့ ပတ်သက်ပြီး Brand တစ်ခုချင်းစီရဲ့သတ်မှတ်ချက်တွေကို အောက်မှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) Lite On, Phillips နှင့် Hitachi အမျိုးအစား Monitor တွေမှာ Dead Pixel ပါဝင်မှုက သုညလို့ သတ်မှတ်ပါ တယ်။ သုညဆိုတော့ မပါဝင်ဘူးလို့ ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။ သို့သော်လည်း Phillips အနေနဲ့က အမည်းရောင် ရှိတဲ့ Pixel ကို Dead Pixel အနေနဲ့ မရေတွက်ပါဘူး။

(၂) HP Monitor တွေမှာတော့ Dead Pixel (၄)ခု ပါလာလို့ရှိရင် Monitor အသစ်တစ်လုံးနဲ့ ပြန်လည် လဲလှယ်ပေး ပါတယ်။ အကယ်၍ Dead Pixel က (၄)ခု မရှိဘဲ နှစ်ခု၊ သုံးခုပဲ ရှိမယ်ဆို ရင်တော့ ပြန်လည်လဲ လှယ်ပေးမှာ မဟုတ်ပါဘူး။ အဲဒီအတိုင်းပဲ အသုံးပြုရ လိမ့်မှာ ဖြစ်ပါတယ်။

(၃) LG Monitor တွေမှာတော့ 10 cm လောက်ရှိတဲ့ ပတ်ပတ်လည်လည် အတွင်းမှာ Dead Pixel

(၂)ခုလောက်ရှိမယ်ဆိုရင်တော့ Monitor အသစ်တစ်လုံးနဲ့ ပြန်လည် အစားထိုး လဲလှယ်ပေးပါလိမ့်မယ်။

(၄) NEX-NEC Monitor တွေမှာတော့ အဖြူရောင် Dead Pixel (၃)ခုနှင့် အမည်းရောင် Dead Pixel (၃)ခု တွေ့ ရမယ်ဆိုရင်တော့ Monitor အသစ်တစ်လုံးနဲ့ အစားထိုး လဲလှယ်ပေးပါလိမ့်မယ်။

(၅) Samsung က ပြင်းပြင်းထန်ထန် ကြိုးစားဖို့ရှိပါတယ်။ ဘာလို့လဲဆိုတော့ Samsung ရဲ့ ၁၅ လက်မ Monitor တွေမှာ Dead Pixels (၆)ခု အထိပါဝင်တာကို လက်ခံနိုင်ရမယ်လို့ဆိုထားပြီး၊ ၁၇ လက်မ Monitor တွေမှာတော့ Dead Pixel (၉)ခုထိ ပါဝင်တာကို လက်ခံနိုင်ရမယ်လို့ ဆိုထားတဲ့ အတွက်ကြောင့် ပဲ ဖြစ်ပါတယ်။

(၆) Sony, Viewsonic Monitor တွေ အနေနဲ့ကတော့ ၁၅ လက်မ Monitor တွေမှာ အမည်းရောင် DeadPixel (၂)ခု၊ အဖြူရောင် Dead Pixel (၂)ခု စုစုပေါင်း (၄)ခု ပါမယ်ဆိုရင် Monitor အသစ်တစ်လုံးနဲ့ အစားထိုးလဲ လှယ်ပေးမှာ ဖြစ်ပါတယ်။ ၁၇ လက်မ Monitor မှာတော့ အမည်းရောင် Dead Pixel (၃)ခု၊အဖြူရောင် Dead Pixel (၃)ခု စုစုပေါင်း (၇)ခု ရှိမယ်ဆိုရင် အသစ်တစ်လုံးနဲ့အစား ထိုးလဲ လှယ်ပေးပါလိမ့်မယ်လို့ တင်ပြရင်း

ဒီဆောင်းပါးလေးကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်။

from sayar Zaw Lin(youth)
Print Friendly and PDF

အရေးပေါ် ဖုန်းအားသွင်းဖို့ လိုအပ်နေရင်






ဖုန်းသုံးနေတဲ့ သူတွေအတွက်ပေါ့အားကုန်နေတဲ့ အချိန်မှာ အားသွင်းဖို့အခက်အခဲရှိရင်လေ
အင်တာနတ်ထဲကရတဲ့ သတင်းလေးပါအားကုန်နေတဲ့ ဘက်ထရီကိုထုတ်လိုက်ပါ
ပြီးရင်ဆေးလိပ်ဘူးခွံ့ မှာပါတဲ့  ငွေရောင်စက္ကူနဲ့ ပတ်လိုက်ပါနေရာမလွတ်စေနဲ့ နော်ပြီးရင်

၂ မိနစ်လောက်မီးအပူပေးလိုက်ပါနေရာအနှံ့ကိုပေါ့ပြီးရင်၁၀ မိနစ်လောက် အအေးခံထား ပြီးပြန်သုံးရင်အရေးပေါ်ဖုန်းခေါ်ဆိုမှုတွေအတွအတွက်ဘက်ထရီအားဟာအဆင်သင့်ဖြစ်နေတာကိုတွေ့ ရပါလိမ်မယ်အားရဲ့ ၅ ပုံ ၂ ပုံဟာပြန်ပြည့်နေတာကိုတွေ့ ရမှာပါ .။

Print Friendly and PDF

Firefox ရဲ့နောက်ဆုံး Web Browser ဖြစ်တဲ့ Firefox Nightly





Firefox ကနေအသစ်ထွက်လာတဲ့ Firefox Nightly လေးပါ မသိသေးတဲ့သူတွေအတွက်ပါ

Firefox နဲ့ နည်းနည်းကွာတယ် နည်းနည်းလည်းမြန်သလိုပါဘဲ သုံးကြည်ရင်တော့သိကြမှာပါ
အသစ်ထွက်လာလို့တင်ပေးလိုက်တာပါ။

လင့်လေးကဒီမှာပါ... http://nightly.mozilla.org/








Firefox Nightly ကိုအသစ်ပြောင်းလိုက်ရင် Myanmar font မရတဲ့သူတွေရှိတက်ပါလိမ့်မယ်နော်
မရတဲ့သူငယ်ချင်းများအတွက်
Options > Options > Content > မှာ  Default font မှာ Zawgyi-one ကို ပြောင်းပါ (ဘေးနားမှာ
မြှားရှိပါသည်)
ပြီးရင် ဘေးနားမှာပဲ ရှိနေတဲ့  advanced ကို ကလစ်ပါ fonts for မှာ other languages ကို ပြောင်းပါ
serif  မှာ Zawgyi-one ပါ sans-serif မှာ Zawgyi-one ပါ Monospace မှာလည်း Zawgyi-one ပါ
အားလုံးပြောင်းပြီးသွားရင် Ok >Ok နဲ့  ပြန်ထွက်ပါ အဆင်ပြေပါလိမ့်မယ် အခု နောက်ပိုင်းထွက်တဲ့ Firefox  တွေမှာလည်း ဒီနည်းနဲ့  အဆင်ပြေပါတယ်
 သူငယ်ချင်းတို့အဆင်ပြေမယ်လို့ထင်ပါတယ်




Print Friendly and PDF

Tuesday 2 October 2012

သီတင်းကျွတ်လပြည့်နေ့ကို Software လေးနဲ့ကြိုဆိုလိုက်ရအောင်

သီတင်းကျွတ်လပြည့်နေ့ကျရင် သူငယ်ချင်းတို့ရဲ့အိမ်မှာ မီးပုံးလေး ဒါမှမဟုတ် ဆီမီးခွက်လေးတွေ နဲ့ ပူဇော်ကြတယ်မလား သူများတွေလို ဘုရားမှာ ဆီးမီးပူဇော်နေတဲ့ အချိန်မှာလိုဘဲ ကွန်ပျူတာကနေ မှန်းဆ ပူဇော်နိုင်ဖို့အတွက်ပါ။ ဒါကြောင့် သူငယ်ချင်းတို့ရဲ့ ကွန်ပျူတာလေးမှာ မီးပုံးလှလှ မီးခွက်လှလှလေးနဲ့ အလှဆင်လို သူများအတွက် Portable လေး တစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ကဲ..အားလုံးပဲ အဆင်ပြေကြပါစေ။
 download..http://www.mediafire.com/?8t8ak2ub72szz3a
1        Software လေးကို ဒေါင်းပြီးတာနဲ့ Desktop ပေါ်မှာ ဆီမီးခွက်လေး ပေါ်လာပါလိမ့်မယ် ဆီမီးခွက်လေးကို နှစ်ချက် နှိပ်လိုက်ပါ အောက်ကပုံလေးကို ကြည့်လိုက်နော်
2        ပြီးရင် စာအိတ်လေးရောက်လာပါလိမ့်မယ် စာအိတ်လေးထဲမှ စာလေးပေါ်လာပြီးရင် အဲဒီစာလေးကို
မောက်စ်လေးတင်ပြီး တစ်ချက် နှိပ်လိုက်ပါ စာအိတ်လေးပိတ်သွားပါလိမ့်မယ်
အောက်ကပုံလေးကိုကြည့်လိုက်ပါ စာအိတ်လေးပိတ်ပြီး ပြူတ်ကျသွားပါလိမ့်မယ်

3        စာအိတ်လေးပြူတ်ကျပြီးသွားရင် ညဘက်အခြမ်းမှာ ဆီမီးခွက်လေးကို လက်ကလေးနဲ့လာပို့သွားပါ
လိမ့်မယ်

 နောက်ဆုံးမှာတော့ အပေါ်ကနေ မီးပုံးလေးထွက်လာပါလိမ့်မယ်နော် ဒါဆိုအားလုံးပြီးပြည့်စုံသွားပါလိမ့်မယ်

 သီတင်းကျွတ်လပြည့်နေ့ကို ဆီမီးခွက်လေးရယ် မီးပုံးလေး တို့နဲ့ပူဇော်ပြီးကြိုဆိုလိုက်ရအောင်နော်
ပြန်ပြီ ပိတ်ချင်တယ်ဆိုရင်တော့ မီးပုံးလေးပဲဖြစ်ဖြစ် ဆီမီးခွက်လေးပဲဖြစ်ဖြစ် Right Click လေးနှိပ်လိုက်ပါ
ဘောက်စ်လေးထွက်လာပါလိမ့်မယ် ဘောက်စ်လေးအောက်ဆုံးက Edit လေးကိုနှိပ်လိုက်ပါ
နောက်ထပ် ဘောက်စ်တခုထွက်လာပါလိမ့်မယ် အဲဒီမှာ Close လေးကိုနှိပ်လိုက်ရင် ပိတ်သွားပါလိမ့်မယ်
Print Friendly and PDF

Gmail ထဲမှာ Face book နဲ့ Twitter အသုံးပြုနည်း

ဂျီမေးစစ်ရင်း Face book က New feeds တွေကို ကြည့်လို့ရပါတယ် သူကအသစ်တက်လာတဲ့
New feeds တွေကိုလည်း အော်တိုပေါ်ပါတယ် ပြိးတော့ Like နဲ့ Comment လည်းပေးရပါတယ် Share တော့လုပ်မရပါဘူး
အခု Add-ons က beta ဆိုတော့ နောက်ဗားရှင်းအသစ်တွေ ထွက်လာရင်တော့ လုပ်ဆောင်ချက်တွေ ပိုစုံလာမယ်လို့တော့ မျှော်လင့်ပါတယ် အဲလိုအသုံးပြုဖို့အတွက်http://goo.gl/bnQkbမှာ Add-ons ရယူပါ

ကိုယ်အသုံးပြုတဲ့ ပရိုဂရမ်ကိုရွှေးပါ ကျွန်တော်ကတော့ Firefox နဲ့ အသုံးပြုပြီးရှင်းပြသွားပါမယ်ခင်ဗျာ။

 ပုံမှာ အတိုင်းပေါ်လာပြီးတော့ Firefox ထဲကို add-ons ထည့်လိုက်ပါ။
 Install လုပ်ပြီးတော Firefox ကို restarလုပ်လိုက်ပါ အဲဒါဆို
 ဂျီမေးဖွင့်လိုက်တဲ့အခါ အဲလိုပုံလေးအတိုင်းတွေ့ရမှာပါ မှာမှာပြထားအတိုင်း သုံးခုလုံးကို အမှတ်ပေးလိုက်ပါ အဲဒါဆို
 အခုလို ဂျီမေးရဲ့ နံဘေးမှာ ဘောက်လေးတစ်ခုကိုတွေ့ရမှာဖြစ်ပါတယ် အဲမှာ Face book နဲ့ Twitter ကို ရွေးပြီး အမှတ်လေးပေးလိုက်ပါ
ပြီးရင်ခလေးစောင့်လိုက်ပါ Facebook log in ဆိုပြီးတွေ့ရပါမယ် အဲဒါကို ကလစ်လိုက်ရင်
 ပုံမှာပြထားအတိုင်း တွေ့ရမှာဖြစ်ပါတယ် face book အကောင့်ဝင်ပြီးသားဆိုရင် မတွေ့ရပါဘူး
မ၀င်ရသေးရင်တွေ့ရမှာပါ မိမိအကောင့်နဲ့ဝင်လိုက်ပါ
 allow ကိုကလစ်လိုက်ပါ အဲဒါဆိုရင်
 အခုလိုပုံလေးအတိုင်းတွေ့ရမှာဖြစ်ပါတယ် မေးစစ်ရင်း face book လည်းအသုံးပြုနိုင်ပါပြီ အဆင်ပြေပါစေဗျာ။ Print Friendly and PDF

wxPyDict - Dictionary Lookup Program

WxPyDict အင်္ဂလိပ်စာလေ့လာချင်သူများအတွ English Myanmar ဘာသာပြန်တဲ့ ဆောစ့်ဝဲလ် လေပါ installa မောင်းပြီ သုံးရတာလည်းအရမ်းကောင်းပါတယ် ကျွန်တော်လည်း အခုချိန်ထိ သုံးနေတယ်လေဒီဆောစ့်ဝဲလ်ကို မသီကြသေတဲ့ ကိုကို မမတို့ ရည်ရွယ်ပြီ တင်ပေးးလိုက်တာပါ တော်တော်များမျာသိပြီသားပါ ဒါကြောင့် သူငယ်ချင်းများအတွက် မျှဝေပေးလိုက်တာပါအာလုံးအစင်ပြေကြပါစေ။။။။။ လိုခြင်တဲ့ကိုကိုမမများတို့ရေ ဒေါင်လော့လင့်မှာဒေါင်းယူနော်...http://www.mediafire.com/?aycqijdir0ejm6p Print Friendly and PDF

ရွှေတိဂုံဘုရားပုံပါသောနမူနာ theme css codeနှင့် နောက်ခံပုံအပြည့်၊အဆက်ပြုလုပ်နည်း

/*****START CODE*****TG**/ #xg_sitename { visibility: hidden; }#xg_sitedesc { visibility: hidden; }
#xn_bar {display: none !important;}

/****** NINGBAR & FOOTER *****/
#xn_bar,
#xg_foot {
background-color: transparent !important;
}

#xg {
background-color: transparent;
background-position: center 0px;
}

/***** #1 THEME BACKGROUND *****/
body {
background: url(http://i893.photobucket.com/albums/ac133/sunshine1500/Shwedagon_pag...) no-repeat fixed center;
-o-background-size: 100% auto;
-moz-background-size: 100% auto;
-khtml-background-size: 100% auto;
-webkit-background-size: 100% auto;
color: #F89E9E;
width: auto;
padding: 0;
margin: 0;
background-color: #000000;
}


/*****#2 HEADER IMAGE *****/

#xg {
background-color: transparent !important;
background-image: url(image link);
background-repeat: no-repeat;
background-position:left 0px;
border: 0px solid #000000;
margin-top: 1em;

}

/*****HEADER HEIGHT & SITE NAME COLOR*****/
#xg_masthead,
#xg_masthead a {
height: 50px;
color:/* site-name-color */transparent;
}

#xg_masthead p#xg_sitename {
padding-top:0px;
margin-left: 300px;
font-size: 0px;
font-family: Georgia, Avant Garde;
line-height:1.5em;
font-weight:bold;
}
/***** SITE TAGLINE ****TG*/
#xg_masthead p#xg_sitedesc {
padding-top:0px;
margin-left: 315px;
color:transparent !important;
font-family: Georgia, Avant Garde;
font-size:0px;
font-weight:bold;

padding: 0 0 0 0px;
margin-bottom: 0em;
}


/***** #3 NAVIGATION BAR *****/


#xg_navigation {
width: 150px;
position:relative;
right:-50px;
top: -165px;
margin-top: 15px;
margin-bottom: 15px;
margin-left:15px
margin-right: 0px;
background:transparent url(image link) no-repeat;
padding-top: 115px;
height: 190px;
width: 150px;
}
#xg_navigation ul li {
border :0px ridge ;
float:right;
font-size:13px;
font-family: Georgia, Avant Garde;
font-weight:bold;
color:#ffffff;
margin-bottom: 0px;
text-align:left;
width:150px;
}
#xg_navigation ul li a {
background:transparent url(image link) no-repeat center 0px;
color:#FFFFFF;
display:block;
text-decoration:none;
line-height:160%;
}
#xg_navigation ul li.this a, #xg_navigation ul li a:hover {
background:transparent url(image link) no-repeat; center left -10px;
color: #FFCC00;
}
#xg_navigation ul li a:hover {
background-color:transparent;
font-weight:bold;
color:#FFCC00;
background:transparent url(image link) no-repeat; left 0px;
}

/*****#4 SUBTAB SECTION*****/

#xg_navigation ul div.xg_subtab ul li a{
position:relative;
LEFT:110px;
top: -22px;
margin-top: 0px;
margin-bottom: 0px;
margin-right: 0px;
border:1px solid #FFFFFF;
background: url(image link) right repeat-y;
width: 120px;
}
#xg_navigation ul div.xg_subtab ul li a {
font-size:12px;
color:#FFCC00 important;
background:#000000 none !important;
border:1px solid #FFFFFF;
}
#xg_navigation ul div.xg_subtab ul li a:hover {
color:#FFCC00;
font-weight:bold;
background:#000000 url(image link) no-repeat; center 0px !important;
}


/*****# 5 BODY SECTION*****/

.xg_module {
margin-bottom: 2em;
}

/******WELCOME BOX & HEADLINE****TG**/

#xg #xg_body h1 {
color: #FFFF00;
font-family: Georgia, Avant Garde;
weight:bold;
font-size:26px;
text-align: CENTER;
background-color: transparent;
background-image: url(http://www.poqbum.com/animated_hover/images/bluestar.gif);
background-repeat:repeat;
height: auto;
width:auto;
border: 0px solid #FFFFFF;
padding-left:10px;
padding-right:10px;
}

/*****BODY BACKGROUND*****/
#xg_body {
background-position: center 0px;
background-color:/* %pageBgColor% */ transparent;
background-image:/* %pageBgImage% */ url(http://dl3.glitter-graphics.net/pub/1175/1175324v8vs8exzv3.gif) ;
background-repeat:/* %moduleBgImage_repeat% */ repeat;
background-attachment:fixed !important;
border:0px solid #FFFFFF;
}

/***** LINKS ***TG**/
body a {
color:/* %siteLinkColor% */ #FFFFFF;
}

body a:hover {

color:#CC0000;

text-decoration:none;

background:transparent url(http://dl10.glitter-graphics.net/pub/634/634950t7vde8eg7v.gif);

}


/*****#6 MODULE BACKGROUND *****/
.xg_module_body, .xg_module_body legend, .xg_module_body legend.toggle a, .xg_module_foot, ul.page_tabs li.this {
background-color:/* %moduleBodyBgColor% */ transparent ;
background-image:/* %moduleBgImage% */ url(http://dl3.glitter-graphics.net/pub/1175/1175324v8vs8exzv3.gif);
background-repeat:/* %moduleBgImage_repeat% */ repeat;
border:0px solid #FFFFFF;
}

/***** MODULE TEXT *****/
.xg_module_body,
.xg_module_body legend,
.xg_module_body legend.toggle a,
.xg_module_foot,
ul.page_tabs li.this {
color: #FFFF00;
font-weight:bold;
font-size:1em;

}

/***** #7 MODULE HEADERS *****/
.xg_module_head {
background-color: #0000FF;
background-image: url(http://www.poqbum.com/animated_hover/images/lightning.gif);
background-repeat:repeat;
margin-bottom:0em;
border:2px solid #FFFF00;
border-bottom:2px solid #FFFF00;
}

.xg_module_head h2 {
font-size:16px;
margin-left:2pt;
color: #FFFF00;
font-weight:bold;
}

/* scroll box for comment wall */
#xg_module_body,
#xg_module_head h2, .xg_module_comment_wall {
background: url(http://www.poqbum.com/animated_hover/images/comet.gif);
background-repeat:no-repeat;
background-position: top left;
height : 620px;
overflow : auto;
margin : 3px;
text-align : center;
font-size : 16px;
font-family :Tempus Sans ITC, arial;
border:3px solid #330000;
}
#xg_profiles_chatterwall_post_comment{
color:#FFFFFF;
background-color:#000000!important;
background-image:url(http://i857.photobucket.com/albums/ab135/eversmile1500/saw.gif);
background-position:Center;
background-attachment:relative;
background-repeat:no-repeat;height:350px;
}

/*****FOOTER SECTION*****/

#xg_foot,
#xg_foot a {
color:#ffffff;
}

#xg_foot {
border-left:0px solid transparent;
border-right:0px solid transparent;
width:931px;
}



/*****TOP LEFT NAVIGATION ****END CODE*****TG**/
နောက်ခံbackground ကိုအပြည့်အ၀ပေါ်ရန် body မှစ၍ တွန့်ဂွင်းအပိတ်နေရာအထိ အောက်ပါကုတ်အစားထိုးပါ။

 body {
background: url(ဒီနေရာတွင်သင်ထည့်လိုသောပုံ၏လင့်ထည့်ရန်) no-repeat fixed center;
-o-background-size: 100% auto;
-moz-background-size: 100% auto;
-khtml-background-size: 100% auto;
-webkit-background-size: 100% auto;
color: #F89E9E;
width: auto;
padding: 0;
margin: 0;
background-color: none;
}

 နောက်ခံပုံကို http://www.glitter-graphics.com/gallery.php?categoryID=42 ; ဆိုက်မှပုံသေးသေးလေးများယူ၍ ဆက်ထားသောနောက်ခံပုံပြုလုပ်ရန် body မှစ၍ တွန့်ဂွင်းအပိတ်နေရာအထိ အောက်ပါကုတ်အစားထိုးပါ။


body {
background:#000066;
background-image: url(http://www.poqbum.com/animated_hover/images/blinkcolors.gif);
background-repeat: repeat;
background-attachment: fixed;
border: none;
color: #C690C6;
font-family: Chancery;
font-size: 9px;
font-weight:bold;
padding: 30px;
}

Print Friendly and PDF

Youtube ကနေတဆင့် Facebook ပေါ်ကမြန်မာတွေ အချင်းချင်းကြား ပျံ့နှံ့နေတဲ့( ဟာသ သီချင်းလေး)


ဒါလေးကတော့ မနေ့ကမှ Youtube ကနေတဆင့် FB ပေါ်ကမြန်မာတွေ အချင်းချင်းကြား ပျံ့နှံ့နေတဲ့ ဟာသ သီချင်းလေးဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာတွေ ဖြတ်ထိုးဥာဏ်၊ ဟာသဥာဏ်ကောင်းပုံများ ကိုရီးယားသီချင်းတောင် သေချာနားထောင်ပြီး  မြန်မာစာတမ်းကို လိုက်ဖက်ညီအောင် ဟာသအဖြစ် ဖန်တီးထားပုံကတော့ မချီးကျူးပဲကို မနေနိုင်လောက်အောင်ပါပဲ...။ ကြည့်ပြီးသူတွေလဲ ရှိမှာပါ... ဘာပဲဖြစ်ဖြစ် ဟာသသဘောလေးပေါ့...။
Print Friendly and PDF

OPPA GANGNAM STYLE

အင်တာနက် YouTube သမိုင်း တလျှောက် "Like" အများဆုံး ဗီဒီယို အဖြစ် ဂင်းနစ် မှတ်တမ်းဝင်သွားတဲ့ Oppa Gangnam Style

 

တောင်ကိုရီယား ရက်ပ် ဂီတအဆိုတော် တဦးဖြစ်တဲ့ PSY ရဲ့ တကိုယ်တော် Oppa Gangnam Style ဗီဒီယို သီချင်းအယ်လ်ဘမ်ဟာ တောင်ကိုရီယားနိုင်ငံသာမက၊ အရှေ့တောင် အာရှ နိုင်ငံများကိုပါ ကျော် လွန်ပြီး ဥရောပဈေးကွက်မှာပါ ရောင်းအကောင်းဆုံး ဖြစ်နေပါတယ်။
 တောင်ကိုရီယား နိုင်ငံမှာ သူရဲ့ Oppa Gangnam Style အယ်လ်ဘမ်ကို လွန်ခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ မှ ဖြန့်ချီလိုက်တာ ဖြစ်ပေမယ့် အချိန်တိုအတွင်း အလွန်အောင်မြင်တဲ့ သီချင်းအယ်လ်ဘမ် တချပ်ဖြစ်လာ ပါတယ်။
PSY ရဲ့ ရယ်စရာကောင်းပေမယ့် ကျန်းမာရေးအတွက်လည်းကောင်းမွန်ပြီး ပေါ့ပါးတဲ့ ဟန်ပန် ကခုန်မှုက လည်း လူငယ် လူကြီးများကိုပါ ဆွဲဆောင်သွားနိုင်ခဲ့ပြီး ကိုရီယားယဉ်ကျေးမှုကို အသည်းစွဲကြတဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီယား၊ အစရှိတဲ့ အရှေ့တောင် အာရှနိုင်ငံတွေမှာလည်း ကလေးငယ်များကပါ ဒီသီချင်းနဲ့ ကခုန်မှုကို အသည်းစွဲနေကြပါပြီ။ 
ကိုရီယားယဉ်ကျေးမှုဟာ ရုပ်ရှင်၊ ဂီတ၊ ဖက်ရှင် စတဲ့ အပျော့ထည် ( Soft power) နဲ့ ဒေသတွင်းပါမက အမေရိကန်၊ ဥရောပ အစရှိတဲ့ အနောက်ကမ္ဘာခြမ်းနဲ့ ကမ္ဘာတ၀န်းကို ဖြန့်ကျက်နေရာယူလာနိုင်ခဲ့ပါပြီ။ 
လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ကပဲ ဂျာမဏီ နိုင်ငံ၊ ဖရန့်ဖတ်မြို့မှာ ကျင်းပမယ့် 2012 MTV Europe Music Awards အတွက် အကောင်းဆုံး ဗီဒီယို ဆုအတွက် Oppa Gangnam Style ကို အမည် စာရင်းကို တင်သွင်းခဲ့ပါတယ်။ 
စက်တင်ဘာလ ၂၀ ရက်နေ့ကတော့ ကမ္ဘာ့ ဂစ်နစ်မှတ်တမ်းက အင်တာနက် YouTube သမိုင်း တလျှောက် "Like" အများဆုံး ဗီဒီယို အဖြစ် Oppa Gangnam Style ဗီဒီယိုကို မှတ်တမ်း တင်ခဲ့ပါတယ်။

Print Friendly and PDF